ကျိုင်းတုံမြို့၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက်နေ့က ကျင်းပခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်များအကြောင်း၊ ရွှေဆိုင်လုပ်ငန်းရှင်များအား ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်း စသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ရွှေဆိုင်လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)