လှိုင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအဖွဲ့(Book Club)တို့ ပူးပေါင်းကျင်းပသော “လူငယ်နှင့်အနာဂတ်စာပေခရီး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညိုထွန်းက တက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြာခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြင့်ခိုင်က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းကျော်က အမှာစကားပြောကြားခဲ့ပြီး ဆရာ အကြီးကိုကို(ကသာ)က “လူငယ်နှင့်အနာဂတ်စာပေခရီး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာ လူငယ်များသည် စာပေဖတ်ရှုခြင်းမှတစ်ဆင့် ခံစားမှု၊ ထင်မြင်ချက်နှင့် အတွေးအခေါ်အသစ်များ ရရှိနိုင်ခြင်း၊စာပေအနက်ရိပ်လွန် အလင်းရောင်သည် လူငယ်တို့၏ စိတ်ကူးစိတ်သန်းကို တိုးချဲ့ပေးပြီး လက်တွေ့ဘဝအတွက် တန်ဖိုးရှိသည့် အတွေ့အကြုံများ ရယူနိုင်စေခြင်း၊ လူငယ်များသည် စာရေးသူအသစ်များအဖြစ် ပေါ်ထွက်လာနိုင်ပြီး မိမိတို့အတွေးအမြင်၊ အမြင်အာရုံကို လူထုထံ ပို့ဆောင်နိုင်ခြင်း စသည်တို့အား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က ဆရာအကြီးကိုကို(ကသာ)အား ဂါရဝလက်ဆောင်ပေးအပ်ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)