ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လေးထောင့်ကန်(တောင်)ကျေးရွာဓမ္မာရုံတွင် ကျင်းပကြောင်း သတင်းရရှိသည်။

ရှေး‌ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင် SMS တာဝန်ခံများ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်းရရှိရေး စပါးပင်သက်တမ်းအလိုက် ဓာတ်မြေဩဇာစနစ်တကျ အချိန်ကိုက်အချိုးညီသုံးစွဲရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် ပိုးမွှားကျရောက်မှုကာကွယ်ရေးများကို တောင်သူများထံ အသိပညာပေးဆွေးနွေးကြကြောင်း သိရှိရသည်။

သန်းသန်းအေး (ပြန်/ဆက်)