လှည်းကူး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကြာကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ဇာထွန်းက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆိုးကျိုးများအကြောင်းနှင့် လူကုန်ကူးမှုအန္တာရာယ်အကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဟန်ဘိုလင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊ စာ စောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)