ဒေါပုံ စက်တင်ဘာ ၃
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၀င် ဗိုလ်မှူးစိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မျိုးထွေးက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်အမျိုးအစားများ၊ လုပ်ငန်းအမျိုးအစားအလိုက် အခွန်ထမ်းဆောင်ရမည့် ရာခိုင်နှုန်းများ၊ အခွန်မထမ်းဆောင်မှုကြောင့် ပေးဆောင်ရနိုင်သည့် ဒဏ်ငွေများစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါအသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၇၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)