မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ကြသည့် လူငယ်များ ရန်ကုန်မြို့တွင်းသို့ လေ့လာရေးခရီးထွက်ခွာ

ရန်ကုန် စက်တင်ဘာ ၃

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) သို့ တက်ရောက်ကြသည့် လူမှုရေးရာဝန်ကြီးများ ဦးဆောင်ပါဝင်သော နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးထွက်ခွာကြသည်။

အဆိုပါမြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ကြသည့် ဦးဆောင်သူများပါဝင်သည့် လူငယ်များအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်နေရာများဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ ဝန်ကြီးများရုံး၊ ရန်ကုန်မြစ်အတွင်း ကန်ရိုးတန်းတစ်လျောက်၊ လူငယ်စင်တာ(ရန်ကုန်)နှင့် တိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ လေ့လာရေးခရီးစဥ်ကို မော်တော်ကား / သင်္ဘောတို့ဖြင့် သွာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)တွင် ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ ကျင်းပခဲ့ပြီး လူငယ်များစိတ်ချမ်းသာပျော်ရွှင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လေ့လာရေးခရီးစီစဥ်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်