နေပြည်တော် စက်တင်ဘာ ၃
မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ သို့ တက်ရောက်ခဲ့သည့် နေပြည်တော်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ရထားလမ်ကြောင်းဖြင့် ထွက်ခွာလာရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာ့အနာဂတ်မျက်နှာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ သို့ တက်ရောက်ခဲ့သည့် နေပြည်တော် လူငယ်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေပြည်တော်ဘူတာကြီး၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများရရှိစေရန်၊ လူငယ်များအကြားခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် လူမှုဆက်ဆံရေးကျွမ်းကျင်မှု အရည်အချင်းများမြှင့်တင်ရန်၊ ဖိုရမ်တွင် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပေါ်လာမည့် အနာဂတ်လမ်းကြောင်းများကို လူငယ်များကိုယ်တိုင် ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင် ဆောင်ရွက်ကြမည့် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့်လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်းလူငယ်ကွန်ရက်ကို ဖန်တီးပေးရန်ဟူသည့် ရည်ရွယ်ချက်ငါးရပ်ဖြင့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဩဂုတ် ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)