ပုဗ္ဗသီရိ စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က သပြေတန်းကျေးရွာ ဓမ္မာရုံနှင့် ရန်အောင်ကျေးရွာဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာနည်းလမ်းနှင့် စမ်းသပ်မဲပေးမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)