ပင်လုံ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း လူရည်ချွန်ဂုဏ်ပြုဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၁)ကျောင်းရှိ မိဘဆရာအဆောင်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ Grade-(12) ကျောင်းသား/ ကျောင်းသူလေးများ၏ "ဘက်စုံပညာကိုရည် တို့လှမ်းချီ " သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး Dr မြင့်မြင့်အေးမှ အမှာစကားပြောကြားခြင်းနှင့် အ.ထ.က(၁)ပင်လုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက ကျောင်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အဆိုပါကျောင်းရှိ ကျောင်းသား/ကျောင်းသူလေးများက အကအလှများဖြင့် အသီးသီးဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ လူရည်ချွန်(၃)ထပ်ကွမ်း၊ (၂)ထပ်ကွမ်းရရှိသော ကျောင်းသား/ ကျောင်းသူလေးများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကာ လူရည်ချွန်ဂုဏ်ပြုဆုများ၊ ပညာရည်ချွန်ဆုများ၊ လူရည်ချွန်ရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတက်မှန် ဆရာ/ဆရာမများအား တက်ရောက်လာကြသော မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေယဥ်ကျေးမှုကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းအုပ်ဆရာမကြီးများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် အလှူရှင်များအား အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းပညာရေးမိသားစုမှ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)