ပြင်ဦးလွင် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဝန်ထမ်းများစာဖတ်သည့်အလေ့အထများနှင့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပရာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရုံး(တွဲဖက်)မှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေး၊ ပြင်ဦးလွင်ခရိုင်ရုံးမှ အကြီးတန်းစာရေး ဒေါ်ဇာဇာ၀င်းနှင့် အငယ်တန်းစာရေး ဒေါ်ဖြိုးသူသူနှင်းတို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသော ၀န်ထမ်းများမှ မိမိတို့၏အတွေးအမြင်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၀န်ထမ်းများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
သွေးသွေး (ခရိုင်ပြန်/ဆက်)