မိုးကောင်းမြို့၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

မိုးကောင်း စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် နတ်ကြီးကုန်းရပ်ကွက် ရှမ်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူမဲဆန္ဒရှင်ပြည်သူများအား မဲရုံတာဝန်ခံဆောင်ရွက်မည့်တာဝန်ရှိသူများက ကိုယ်တိုင်စမ်းသပ်‌မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ(၂)နာရီတွင် နောင်ကိုင်တော်ရပ်ကွက် ဓမ္မာရုံ၌လည်း အလားတူဆောင်ရွက်ခဲ့သည်။

မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ(၂)ရက်မှ (၆)ရက်ထိ မြို့ပေါ်(၁၀)ရပ်ကွက်များသို့ တစ်ရက်လျှင် ရပ်ကွက်(၂)ခု ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)