ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း ၇၁၂၅ ဦးအား စားအုန်းဆီ ပိဿာ ၁၄၂၅၀ ရောင်းချ

ကျောက်ဆည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်း(၇၁၂၅)ဦးအား စားအုန်းဆီပိဿာ ၁၄၂၅၀ ရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီ ရောင်းဝယ်ရေးဆိုင်များမှ ဝန်ထမ်း တစ်ဦလျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ခရိုင်အဆင့်ဝန်ထမ်း၁၈၀၂ဦး မြို့နယ်အဆင့်ဝန်ထမ်း ၅၃၂၇ဦး စုစုပေါင်း ဝန်ထမ်း ၇၁၂၅ဦးအား စားအုန်းဆီ  ပိဿာ ၁၄၂၅၀  ရောင်းချပေးခဲ့ ကြောင်း သိရသည်။

စားအုန်းဆီများရောင်းချရာ၌ ဌာနဆိုင်ရာဝန်ထမ်းများအပြင် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား စံချိန်စံညွှန်းပြည့်ဝပြီး သတ်မှတ်အရည်အသွေးနှင့် ပြည့်မီသော စားသုံးဆီများကို စဉ်ဆက်မပြတ် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)