သံဖြူဇရပ် စက်တင်ဘာ ၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြသခြင်းကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်ဝင်းဝင်းမြတ်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တွင်ပါဝင်သည့် စက်ပစ္စည်းများနှင့်အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)