ကိုကိုးကျွန်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥနှင့် အသားများ ရောင်းချပေး

ကိုကိုးကျွန်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာပြည်သူများ၊ ရပ်ကွက်နေပြည်သူများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းဖြင့် ကိုကိုးကျွန်းမြို့နယ်၊ အမှတ်(၂၈)ရေတပ်စခန်းမှ ကြက်ဥနှင့်အမဲသားများကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ယခုလိုကုန်ဈေးနှုန်းကြီးမြှင့်နေချိန်တွင် ကိုကိုးကျွန်းမြို့နယ်၊ အမှတ်(၂၈)ရေတပ်စခန်းနှင့် တပ်မတော်လေတပ်မှ အရာရှိစစ်သည်များမှ ကြက်ဥနှင့်အမဲသား များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်အလှည့်ကျ လာရောက်ရောင်းချပေးရာ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာပြည်သူများ၊ ရပ်ကွက်နေပြည်သူများမှ ဈေးနှုန်းချိုသာစွာဖြင့် အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)