ရန်ကုန် စက်တင်ဘာ ၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက် တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုံပျံဘုန်းတော်ကြီးကျောင်း၌ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကိုဆောင်ရွက်ကြသည်။
အခမ်းအနားသို့ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးတင်ကိုကိုနှင့် ခရိုင်ကော်မတီဝင်များ၊ သန်လျင်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မင်းထိုက်၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဥက္ကဋ္ဌဦးစိုးတင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ထိုနောက် သန်လျင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြည်သူများအား လက်တွေ့မဲပေးပုံပြသနေမှုများကိုသွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဖြိုးသီဟ(သန်လျင်)