ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက် နံနက် ၁၀ နာရီက ပညာရေးစုပေါင်းခန်းမတွင် ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ဖြိုးနန္ဒာအောင်က လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram၊ Viber၊ YouTube၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုကာ အယုံသွင်း၍ စာဖြင့်ဆက်သွယ်ကာ ငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာ လူကုန် ကူးခြင်းများကို အွန်လိုင်းမှတဆင့် ကျုးလွန်းကြခြင်းအား အသိသတိဖြင့်ဆင်ခြင်ကြပြီး လိမ်လည်လှည့်ဖြားခြင်းမခံရအောင် နိုင်ငံတကာအွန်လိုင်းလိမ်လည်မှုများအား ဗီဒီယိုကလစ် ဖြင့်ရှင်းလင်း အသိပညာပေးဆွေးနွေးသည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းက ဒုတိယရဲအုပ် ဖြိုးနန္ဒာအောင်အား လက်ဆောင်ပစ္စည်းပေးအပ်ကာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများအား အချိုရည်နှင့်မုန့်များအား ကျွေးမွေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း