အမရပူရမြို့နယ်၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကျင်းပ

အမရပူရ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဒုတိယဦးစီးမှူး ဦးဇော်လတ်က မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးတက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေးခြင်းကိုဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့  ခရိုင်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်စမ်းသပ်မဲပေးခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)