ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကော့မှူး စက်တင်ဘာ ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူများရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အ.မ.က(မြို့သစ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ် တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)