လဲချားမြို့နယ်၌ အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လဲချား စက်တင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စုသို့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် ပုံနေကျေးရွာအုပ်စုနေ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သည့် ပြည်သူများအား ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)