မိုးနဲ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ လစဉ် ၃ ရက်နေ့တိုင်း မွေးစမှ အသက် (၁၀) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွေးစမှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လ၊ (၁)နှစ်ခွဲ၊ (၉)နှစ်၊ (၁၀)နှစ် အရွယ်ကလေးငယ်များအား အသည်းရောင်အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် အစရှိသည့်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုထိုးဆေး၊ ဝက်သက်ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်နှင့် အိတ်(ခ်ျ)ပီဗီတို့ကို အသက်အရွယ်အလိုက် အကြိမ်ရေအလိုက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးနှံမည် ကလေးငယ်များအား စာရင်းသွင်းခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို