အလုံခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဒုတိယနေ့ဖွင့်လှစ်ပို့ချ

အလုံ စက်တင်ဘာ ၃

အလုံခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဒုတိယနေ့ကို အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

သင်တန်းအား ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲများရှိ အများယုံကြည်လေးစားခြင်းခံရသည့် ပုဂ္ဂိုလ် (ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်) ၅၄ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ၈ ဦး၊ စုစုပေါင်း ၆၂ ဦးတို့ဖြင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာ၀န်ရှိသူများ အဆင့်ဆင့်မှ သိသင့်သိထိုက်သော ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင်ပါ၀င်သည့် ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်ချက် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို တိတိကျကျသိရှိနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းအား စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ၃ ရက်တာ နည်းပြ ၇ ဦးဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)