ဒဂုံ(တောင်) စက်တင်ဘာ ၃
၂၀၂၅ ခုနှစ် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားတွင် စက်တင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က မိမိတို့မြို့နယ်အတွင်းရှိ ပင်ကိုယ်ဗီဇကောင်းမွန်သော ရွက်ပုံးသီးအားကစားသမားကောင်းများပေါ်ထွက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားတစ်ခုခုကိုလေ့လာလိုက်စားခြင်းဖြင့် ကောင်းမွန်သောအခြေခံစိတ်ဓာတ်များရရှိပွားများလာစေရန်၊ ကျန်းမာကြံ့ခိုင်သောလူငယ်၊ လူရွယ်များပေါ်ထွက်လာစေရန်၊ အားကစားကဏ္ဍတိုးတက်လာစေရန်များနှင့် အားကစားများအချင်းချင်း အားကစားစိတ်ဓာတ်ကောင်းများဖြင့် ရင်းနှီးချစ်ခင်စွာကစားကြရန် စသဖြင့်အမှာစကားပြောကြားပြီး အ ခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာဓိဌာန်များရွတ်ဆိုကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစန်းလွင်နှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်နှုတ်ဆက်ကြကြောင်းနှင့် အဆိုပါဘောလုံးပြိုင်ပွဲကို အသင်းပေါင်း(၂၅)သင်းဖြင့် အုပ်စု(၈)စု ပတ်လည်ကစားမှာဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
နေမျိုးအောင်(ပြန်/ဆက်)