တွံတေး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.မ.က (မူလွန်) ကျောင်းအုပ်ဆရာမကြီးဘ ဒေါဖြိုးမဥ္ဇူလွင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းဟောပြောကာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာမိုးက သက်ငယ်မုဒိန်ပပျောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အကြာင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးအောင်စိုးက သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးသန်းနိုင်က စားသုံးသူရေးရာအကြောင်း သိကောင်းစရာများ ဟောပြောခဲ့သည်။ ယင်းနောက် ရန်ကုန်ပေါက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဗီနိုင်းပိုစတာများကို ပြသခြင်းဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်