လှည်းကူး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အဆင့် နည်းပြဦးမင်းဇော်ထွန်းက ဒါးပိန်တောင်၊ ဆားတလင်းကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အဆင့်ဆင့်သုံးစွဲပုံများ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်တပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုပုံနည်းစနစ်များ၊ မဲပေးမှုနည်းလမ်းရိုးရှင်းလွယ်ကူခြင်း၊ အချိန်တိုအတွင်း မဲရလဒ်ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ပယ်မဲမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း အချိန်တိုအတွင်း ကြေညာပေးနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြသပြီးနောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)