လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာတွင် ယဉ်ကျေးလိမ္မာသင်တန်း ဆုချီးမြှင့်ပွဲ ကျင်းပ

လယ်ဝေး စက်တင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ယဉ်ကျေးလိမ္မာသင်တန်း ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်က အမှာစကားပြောကြားပြီး ဒုဥက္ကဋ္ဌဦးဘစိုးက ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် လယ်ဝေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်က ယဉ်ကျေးလိမ္မာသင်တန်းများဖွငှ်လှစ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကန်လှကျေးရွာ၊ ဓမ္မကျောင်းတော်၊ ယဉ်ကျေးလိမ္မာသင်တန်းမှ ဆရာ၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများက အာစရိယပူဇော်ပွဲကျင်းပ၍ ကန်တော့လက်ဆောင်များ ပေးအပ်သည်။ ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းမှ မြို့နယ်အဆင့် ဆုရရှိသူများနှင့် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကသရုပ်ဖော်များဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)