နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဒက္ခိဏ စက်တင်ဘာ ၃

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ‌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌများ  တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်‌(၄)ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊  ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်‌ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်‌ ဆောင်ရွက်ရေး၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ‌စာရွက်စာတမ်းများ၊ သတင်းအချက်အလတ်များကို ပေါက်ကြားမှုမရှိစေရန် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေး၊ သဘာဝဘေးများ ကြိုတင်ကာကွယ်ရေးအတွက် လူ၊ စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျ ကြိုတင်စုဖွဲ့ ပြင်ဆင်ထားရေးနှင့် ဇတ်တိုက်လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်‌ရေး၊ စိုက်ပျိုးရေးတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများအား ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်၊ ငါးနှင့် ဥစားကြက်၊ ဥစားဘဲများ တိုးချဲ့မွေးမြူနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ပြီး တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခွန်ရငွေများ တိုးတက်ရရှိနိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြေ စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လမ်းဘေးဝဲယာများတွင် အရိပ်ရလေကာပင်များစိုက်ပျိုးရေးနှင့် လမ်းပခုံးများစနစ်တကျဆောင်ရွက်ရေး၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မဲစာရင်းများမှန်ကန်တိကျစွာ ပြုစုဆောင်ရွက်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲ‌ပေးနိုင်‌ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်‌ရေးနှင့် တန်းစဥ်ကူး‌ပြောင်းမှု မြင့်မားစေရေး၊ မိုးရာသီတွင်ဖြစ်ပွားတက်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ နေပြည်တော်အား Clean City၊ Green City၊ Smart City ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်း တာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)