ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် စမ်းသပ်မဲပေး သရုပ်ပြ

ကျောက်ပန်းတောင်း စက်တင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ၂ ရက် ညနေ ၃နာရီခွဲက တမ္ပဝတီရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံ၌  ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့်  ရပ်မိ၊ ရပ်ဖများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့ကရှင်းလင်းဖြေကြားကြသည်။ ဆက်လက်၍ ရပ်ကွက်နေပြည်သူများက မဲပေးစက်ဖြင့်ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ် ဆောင်ရွက်ကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိက Printer မှထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍  မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)