ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲက ကုန်းတန်းကြီးအုပ်စုရှိ နယ်မြေခံခြေမြန်တပ်ရင်းခန်းမ၌ လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ယွန်းယွန်းထိုက်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် တပ်ရင်းနှင့် စရဖ(လေ)တို့မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲ အရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။ ဆက်လက်၍ မဲပေးစက်ဖြင့်ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိက စာရင်းနှင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြဆောင်ရွက်ကြောင်းသိရသည်။
ဒီပါလင်း