မတ္တရာဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်၁၉ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က ယာဉ်မောင်း အမျိုးသား ၁ ဦးတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။
စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ် ၇၀ စီးမှ ယာဉ်မောင်းနှင့် နောက်လိုက် ၁၂၈ ဦးအား စစ်ဆေးခဲ့ရာမှ မန္တလေးမှ ကသာသို့သွားရောက်မည့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ အသက်(၂၇)နှစ်ရှိ ယာဉ်မောင်းအမျိုးသား၌ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့လူနာအား မတ္တရာပြည်သူ့ဆေးရုံရှိ သီးခြားအဆောင် သီးသန့်အခန်းတွင် ထားရှိ စောင့်ကြည့်ကုသပေးသွားမည် ဖြစ်ကြောင်းသိရ သည်။
စိုးကျော်သူထွေး(မတ္တရာ)