ဒဂုံ(မြောက်) စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းအသိပညာပေးလုပ်ငန်းကို ရပ်ကွက်အလိုက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁၆)ရပ်ကွက်၊ အောင်သိဒ္ဓိဆွမ်းလောင်းဓမ္မာရုံနှင့် အမှတ်(၂၈)ရပ်ကွက် ချမ်းမြေ့ဓမ္မာရုံတို့တွင် နံနက် ၉ နာရီနှင့် နေ့လယ် ၁ နာရီတို့တွင် နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး၊ နည်းပြများမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက် အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၁၆)ရပ်ကွက်နှင့်အမှတ်(၂၈)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများမှ မဲပေးစက်အသုံးပြု၍ မဲပေးပုံစနစ်များအားလေ့လာခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)