ရန်ကင်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းသေကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေပြည်များအား ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့်အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူးဒေါ်ကျင်အေးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လှလှထွေးပြန်/ဆက်)