ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေးခရိုင်နှင့်မင်္ဂလာဒုံခရိုင်တို့မှ လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သတ် မှတ်နေရာအသီးသီးတွင် ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်အတွင်းရှိ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှ လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်၊ ဆီ ပေးအပ်ပွဲအခမ်အနားကို တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများက လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါး သေတ္တာဘူး၊ ကြက်သွန်နီနှင့်အာလူးများကိုပေးအပ်ကြပြီး လုံခြုံရေးအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်အတွင်းရှိ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှ လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်၊ ဆီ ပေးအပ်ပွဲအခမ်း အနားကို ရွှေပြည်သာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကအမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲ ခြောက်များကိုပေးအပ်ကြပြီး လုံခြုံရေးအဖွဲ့ဝင်များ ကိုယ်စားအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီဝန်ကြီးချုပ်နှင့်အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)