လှည်းကူး စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်ဦးဆောင်၍ တိုင်းဒေသကြီး၊ ခရိုင်မြေအသုံးချဌာန၊ သီးနှံကာကွယ်ရေးဌာနနှင့် မျိုးစေ့ဌာနတို့မှ ပညာရှင်များက သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေး အသုံးချရမည့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများအကြောင်းကို တောင်သူများအားရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူပညာပေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ လှည်းကူးမြို့နယ်ကျေးရွာအုပ်စုများမှ တောင်သူများစုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)