ပင်လောင်းမြို့၌ တပ်နယ်မှူးဒိုင်း အမျိုးသားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲခြင်းပြုလုပ်

ပင်လောင်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တပ်နယ်တို့မှ ပူး‌ပေါင်းကြီးမှူးကျင်းပမည့် တပ်နယ်မှူးဒိုင်း အမျိုးသားအလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲခြင်းကို ယနေ့မွန်းပိုင်းက  မြို့‌အားကစားကွင်း၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲဆောင်ရွက်ခဲ့ကြကြောင်း၊ ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း(၅၀)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ မြို့နယ်ခြားကစားသမား သုံးဦးခေါ်ယူကစားခွင့်ရှိကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့‌၌ စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)