သထုံ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ နေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက သထုံမြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်အတွင်းရှိ မွေးကင်းစ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅)မျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လစဉ်ပုံမှန်ဆောင်ရွက်နေပြီး ဩဂုတ်လ(၂)ရက်နေ့တွင် သထုံမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ် အောက် ကလေး(၂၉၁)ဦးနှင့်ကိုယ်ဝန်ဆောင်မိခင်(၅၅)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)