နမ့်စန်(တ) စက်တင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သော မိုးရိပ်ရှမ်းတောင်(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲမစတင်မှီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်း ကျောင်း(၇)ကျောင်းမှ ကျေင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကပြိုင်ပွဲကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)