သံဖြူဇရပ် စက်တင်ဘာ ၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(စက်စဲ)၌ အခြေခံလျှပ်စစ်သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက်နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မွန်ပြည်နယ်အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျွမ်းကျင်မှုသင်တန်းကျောင်း(စက်စဲ)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်စုစုလိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က လျှပ်စစ်ကဏ္ဍအရေးပါပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)မှ သင်တန်းနည်းပြ(၂)ဦးက လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ပစ္စည်းတပ်ဆင်အသုံးပြုပုံ၊ ဝါယာကြိုးသွယ်တန်းနည်း၊ ခန္ဓာကိုယ်ကာကွယ်ရန် မဖြစ်မနေအသုံးပြုသင့်သည့် ပစ္စည်းများအသုံးပြုပုံ စသည့်ဘာသာရပ်များကို သင်တန်းသား (၃၁) ဦးအား ရက်သတ္တပတ် ၄ ပတ်ကြာ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)