ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ဒလ စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊  ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ညောင်ငုတ္တိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှု အသိုင်းအဝိုင်းဖော်ဆောင်ရေးခေါင်းစဉ်အောက်တွင် ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များ၌ တက်ကြွစွာပူးပေါင်းဆောင်ရွက်နိုင်ရန် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝေနိုင်ထွန်းက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်‌‌ရေး အသိ ပညာပေး‌ပြောကြားရာတွင် စာဖတ်ခြင်းသည်လူငယ်တွေအတွက် အနာဂတ်ဘဝကိုတည်ဆောက်ရာတွင် အရေးပါသည့်အလေ့အကျင့်ကောင်းတစ်ခုဖြစ်‌ကြောင်း၊ စာဖတ်ခြင်း ဖြင့်အသိပညာဗဟုသုတ၊ အတွေးအခေါ်များကျယ်ပြန့်၍ အခက်အခဲများကိုရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာရေးခြားရှိစေရေးအသိ ပညာ၊ အတက်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးအား စာအုပ်၊ စာ‌စောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)