မိုးနဲမြို့နယ်၌ အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ (၅)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

မိုးနဲ စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးနဲမြို့နယ်အားကစားနှင့် ကာယပညာဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသား/သမီး ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။

မိုးနဲမြို့နယ်တွင် အမျိုးသား(၇)သင်းနှင့် အမျိုးသမီး(၄)သင်းတို့မှ ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိပတ်လည်ကစားကာ ယှဉ်ပြိုင်ကစားသွားမည်ပြီး ယနေ့တွင် ကျား အ.လ.ကမြို့မနှင့် အ.လ.က(ခွဲ) နမ့်စလိုင်နှင့် တို့ယှဉ်ပြိုင်ကစားပြီးဖြစ်ပြီး ညနေပိုင်းတွင် အ.ထ.က(ခွဲ)နားခံနှင့် မူလွန်ဘက(ဒုတိယသင်း)တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အမျိုးသမီး အ.လ.ကမြို့မနှင့် အ.ထ.ကမိုးနဲအသင်းတို့လည်း ညနေပိုင်းတွင်ဆော့ကစားသွားမည်ဖြစ်ရာ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးနှင့်တကွ တာဝန်ရှိသူများက လာရောက်ကြီးကြပ်အားပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို