ရပ်စောက် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ်၌ လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နိုင်ငံတော်အဆင့်လူရည်ချွန် အမှတ်(၁) အခြေခံပညာအထက်တန်းကေကျောင်း၊ ဗထူး Grade-12 မောင်မင်းခန့်နိုင်အား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ မိဘဆွေမျိုးများက လှိုက်လှဲစွာဖြင့် ဂုဏ်ပြုပန်းစည်းများဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဘင်ခရာတီးဝိုင်းနှင့် ပန်းပွါးအကအဖွဲ့များကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မှ မင်းကြီးသုံးပါး ဂိတ်အထိ လိုက်ပါကာမင်းလမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)