မိုးနဲ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်နားကျေးရွာအုပ်စု နမ့်စပြေကျေးရွာခန်းမနေရာ၌ ယနေ့နံနက်ပိုင်းက မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်ဖြင့် မဲပေးနည်းလက်တွေ့သရုပ်ပြခြင်းနှင့် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက မဲပေးရာတွင် ဥပဒေအရအရေးယူခံရမည့်လုပ်ရပ်များ၊ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိစေရေး ပြုလုပ်ထားရမည့်အချက်များ၊ ယခင်မဲပေးစနစ်ထက် ယခုမဲပေးစနစ်၏ ကောင်းကျိုးများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုတတ်စေရန် ပြုလုပ်ရမည့်နည်းလမ်းများ၊ မဲပေးမှုပြီးမြောက်စေရေး မဲပေးပြီးစီးကြောင်း ပြုလုပ်သင့်သည့်အချက်များ၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့တွင် မဲရုံ ၃၉ ရုံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲစာရင်းကြော်ညာများကို အများပြည်သူများ သိသာထင်ရှားသောနေရာများတွင် ကပ်ကာ ပြသသွားမည်ဖြစ်ကြောင်း မြန်မာဘာသာ၊ ရှမ်းဘာသာ(၂)မျိုးစလုံးဖြင့် ဝမ်နားအုပ်စု နေပြည်သူ ၁၃ ၀ဦးအား အသိပညာပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်သည့်နေရာသို့ တာဝန်ရှိသူများမှ လာရောက်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး မဲပေးစက်ဖြင့် မဲပေးနည်းကိုလည်း လက်တွေ့စမ်းသပ်သရုပ်ပြခဲ့ကြောင်း သိရသည်။
ဇင်ကိုကို