နမ့်စန်မြို့နယ်တွင် တောင်သူများကို မျိုးစေ့၊ မြေဩဇာ ထောက်ပံ့ပေးအပ်၍ တောင်သူပညာပေး ကွင်းသရုပ်ပြသ

နမ့်စန်() စက်တင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူများကို မျိုးစေ့၊ မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြား၍ နမ့်စန်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးမြသိန်းက မျိုးစေ့၊ မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ နမ့်စန်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းနှင့် တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာ ဧက (၆၀) စာ (၆၀) အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ ဧက (၆၀) စာ (၆၀)အိတ်၊ နေကြာမျိုးစေ့  ရေဆင်းစပ်မျိုး (၁) ဧက (၅၀) စာ (၁၅၀) ကီလို၊ ပဲပုတ်မျိုးစေ့ ရေဆင်း (၁၅) ၁၀ ဧကစာ (၅) တင်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာကြသော နမ့်စန်၊ မက်မွန်မုန်း၊ ဟိုရမ်း၊ ပိန်းဆယ်၊ မိုင်းစိတ်၊ ဝမ်ပုံနှင့်လွိုင်ယဲ ကျေးရွာအုပ်စု တို့မှ တောင်သူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပဲပုတ်မျိုးစေ့ထုတ် စိုက်ခင်းကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)