ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စာအုပ်များအပြင် လူ့အသိုင်းအဝိုင်း၊ ပညာရေးနှင့် ဒီဂျစ်တယ်ခေတ်တွင် ခေတ်မီစာကြည့်တိုက်များ၏ပြောင်းလဲနိုင်စွမ်း "Beyond Books: The Transformative Power of Modern Libraries in Society, Education, and the Digital Age" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာဒေါ်နုနုရီက အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာဟိန်းလတ်(ကထိက၊ စီးပွားရေးပညာဌာန)ကဦးဆောင်ဆွေးနွေး သူ(Moderator)အဖြစ်ဆောင်ရွက်ပြီး မောင်ညီညီဆက်နိုင်(စတုတ္ထနှစ်၊ သတ္တဗေဒ)၊ မောင်တာရာ(စတုတ္ထနှစ်၊ အင်္ဂလိပ်စာ)၊ မယု ဝတီ(စတုတ္ထနှစ်၊ ဥပဒေပညာ)နှင့် ဒေါ်မြမြစန်း(စာကြည့်တိုက်မှူး) ရန်ကုန်အဝေးသင်တက္ကသိုလ်တို့က စာကြည့်တိုက်အခြေပြုသင်ယူမှု၊ ဒီဂျစ်တယ်နှင့်ပညာ ရေးနယ်ပယ်အတွင်း စာကြည့်တိုက်များ၏အခန်းကဏ္ဍ၊ စာကြည့်တိုက်များက လူ့အသိုင်းအဝိုင်းအတွက်ပေးစွမ်းနိုင်သည့်အကျိုးကျေးဇူးများ၊ ခေတ်မီပညာရေးစနစ်ပြောင်းလဲလာသည့်အချိန်တွင် စာကြည့်တိုက်ဝန်ထမ်းများ၏ အခန်းကဏ္ဍပြောင်းလဲမှုများခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများက မေးမြန်းသည့်အချက်များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် စာကြည့်တိုက်မှူးတို့ကရှင်းလင်းပြောခဲ့ကြသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ဘာသာရပ်ဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်ဆက်)