ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ၌ မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပုသိမ်ကြီး စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ် (၅) ဓမ္မာရုံတွင် စက်တင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီခွဲက ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်စောယုသင်းက အီလက်ထရောနစ် မဲပေးစက်အကြောင်း ရှင်းလင်းပြောကြားပြီး၊ ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။

အခမ်းအနားသို့ အုန်းချောကျေးရွာ၊ ရွှေစာရံကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာတို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မဲပေးခွင့်ရှိသည့် ဒေသခံကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း (၅၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)