ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၂

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၂) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲက ကြက်တည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးတိုးရီက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ပြည်သူများက မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ခဲ့ကာ မဲရလာဒ်အား လက်တွေ့သရုပ်ပြထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ အလားတူ တွင်းရွာအုပ်စုနှင့် သိမ်ကုန်းအုပ်စုတို့တွင်လည်း မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)