ရန်ကုန် စက်တင်ဘာ ၂
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၆/၂၀၂၅)ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းဝင်းနှင့် သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးတင်ကိုကို တို့က သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် သင်တန်းသားများနှင့် အမှတ်တရဓါတ်ပုံများစုပေါင်းရိုက်ကူး၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးတင့်နှင့် တာဝန်ရှိ သူများကလှည့်လည်ကြည့်ရှုကြရာ သန်လျင်ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်လွင်ဦးက လိုက်လံရှင်းလင်းပြသခဲ့သည်။
အဆိုပါသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ ပရဟိတလူမှုအသင်းအဖွဲ့များမှ သန်လျင်ခရိုင် အတွင်းသဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူလူထု့အား အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သင်တန်းအား စက်တင်ဘာလ (၁) ရက်နေ့မှ (၁၂)ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)