ပြည်ကြီးတံခွန်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ.ထ.က (၂၉) ကျောင်းတွင် အားကစားဆိုင်ရာ မြို့နယ်အဆင့်လူရွေးပွဲ ကျင်းပ

ပြည်ကြီးတံခွန် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အ.ထ.က (၂၉) ကျောင်းတွင် အားကစားဆိုင်ရာ မြို့နယ်အဆင့်လူရွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ လူရွေးချယ်ရာတွင် စက်တင်ဘာ (၂) ရက်နေ့မှ (၉) ရက်နေ့အထိ ရွေးချယ်သွားမည်ဖြစ်ပြီး ဘောလုံးအားကစား၊ ကြက်တောင်အားကစား၊ ဘတ်စကစ်ဘောအားကစား၊ ပြေးခုန်ပစ်အားကစား၊ ပိုက်‌ကျော်ခြင်းအားကစား၊ ပင်ပေါင်ရိုက်ခြင်း အားကစားများတွင် အသက် (၁၈) နှစ်အောက် လူငယ်၊ လူရွယ်များကို ပြည်ကြီးတံခွန်မြို့နယ် အားကစားရွေးချယ်ရေးကော်မတီမှ မြို့နယ်အဆင့်ဖြင့် လူရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်