မိုင်းပန် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ကို အရှေ့ရပ်ကွက် ရေဝန်းဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံးဝန်ထမ်းတို့က အရှေ့ရပ်ကွက်နေပြည်သူများအတွက် အိမ်ထောင်စုဇယားများနှင့် မှတ်ပုံတင်များ ပြန်လည်ပြုပြင်ပေးခြင်း၊ Biometric Data မကောက်ယူရသေးသူများအား ကောက်ယူ၍ UID များထုတ်ပေးနိုင်ရေး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)