ညောင်ဦးခရိုင်၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ဦး စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းများအကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားကာ၊ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ညောင်ဦးခရိုင်အတွင် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကား ထပ်ဆင့်ပြောကြားသည်။

ထို့နောက် ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးနှင့် စပ်လျင်း၍လည်ကောင်း၊ Aureum Palace Hotel & Resort (Bagan) မှ Operation Manager ဦးဝင်းကိုကိုကလည်းကောင်း၊ ဖိတ်ကြားထားသည့် ဟိုတယ်လုပ်ငန်းရှင်များကလည်းကောင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြကာ တာဝန်ရှိသူများက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်၊ ဆရာများလက်စွဲ Level 1 to v Plus Summary စာအုပ်များအား ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ ကျောင်းအုပ်ဆရာမကြီးများ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း