မိုင်းပန် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/သူများအား အာဟာရအစားအစာများကို ယနေ့နံနက် ၁၁ နာရီ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရဆရာမ ဒေါ်နန်းခမ်းမွမ်းက ကျောင်းသား/သူများအား အာဟာရပြည့်ဝစေရန် ပဲနှင့်အစေ့အဆံများ၊ ဗီတာမင်အေကြွယ်ဝသောအစားအစာများ၊ အသားများ၊ ဟင်သီးဟင်းရွက်နှင့်သစ်သီးဝလံများ၊ အခြေခံအစားအစာများ မျိုးစုံအောင်စားပေးသင့်ကြောင်း ရှင်းလင်းပြောကြားပြီး အာဟာရဖြစ်စေသည့် အစားအစာများတိုက်ကျွေးခဲ့သည်။
ဆက်လက်၍ မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရဆရာမမှ ကျောင်းအုပ်ဆရာမကြီးအား ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)